ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ



MNP - စက်တင်ဘာ  ၂၆


ကရင်ပြည်နယ်၊ကော့ာကရိတ်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီချိန်က အမှတ် (၁) ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ကျော်ဦးက ဒေသလိုအပ်ချက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင် သည့် ဌာနဆိုင်ရာများပါဝင်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းလာရောက်ရသည့်အကြောင်းကို အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ထွန်းထွန်းဝင်းက နယ်မြေလုံခြုံရေးဆိုင်ရာအကြောင်းအရာတို့ကိုလည်း ကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့ အတွင်းရေးမှူးမှ လုံခြုံရေးဆိုင်ရာနှင့်မှုခင်းဆိုင်ရာအကြောင်းအရာတို့ကိုလည်းကောင်း ဆွေးနွေးပြောကြား သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန အစရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအား ကာယကံ ရှင်(၈)ဦးထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ပြည်သူများအား ကိုဗစ်ရောဂါပိုးရှိမရှိ RDT Test Kit ဖြစ်စစ်ဆေးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရန်ကျန်ရှိသူများကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)