မအီမြို့ပေါ်ရပ်ကွက်များ ရေပြတ်လပ်မှုမရှိစေရေးအတွက် မြေအောက်ရေပိုက်လိုင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ပေါ်ရပ်ကွက်များ ရေပြတ်လပ်မှုမရှိစေရေးအတွက် မြေအောက်ရေပိုက်လိုင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၁၀

ရခိုင်ပြည်နယ်၊‌  တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်း၌ ရေပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်လည်ပတ်စေနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ သွယ်တန်းထားရှိသည့် မြေအောက်ရေပိုက်လိုင်းများ စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မအီမြို့ပေါ်ရပ်ကွက်များတွင် သွယ်တန်းထားရှိသည့် မြေအောက်ရေပိုက်လိုင်းများကို စစ်ဆေးခြင်း၊ ကွဲပျက်နေသည့်ရေပိုက်များကို ပြန်လည်ပြုပြင်ခြင်း၊ အသစ်လဲခြင်း၊ ရေပိုက်ခေါင်းများလဲလှယ်ခြင်း၊ ရေမော်တာများစစ်ဆေးခြင်း၊ လိုအပ်သည်များကိုအသစ်လဲလှယ်ခြင်း စသည့် ရေပေးဝေရေးလုပ်ငန်းတွင် လိုအပ်နေသည်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် မအီမြို့၏ အနောက်တောင်ဘက်ရှိ ညောင်ခြေထောက်ဆည်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကျချောင်းရေကို တစ်ဖက်ပိတ်ဆည်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ နွေပိုင်းကာလ ဧပြီလ မေလတို့တွင် ဆည်ရေလျော့နည်းလာမှုကြောင့် ရေပေးဝေရေးလုပ်ငန်းကို (၂)လကြာခန့်ရပ်နားခဲ့ရပါကြောင်း၊ မေလကုန်ပိုင်းမှစတင်၍ မိုးရွာသွန်းမှုများကြောင့် ဆည်ရေရရှိလာခြင်းအပေါ် မူတည်၍ မြို့ပေါ်ရပ်ကွက်များသို့ ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် ဤသို့ အခါအားလျော်စွာ ကွင်းဆင်းပြုပြင်ဆောင်ရွက်ရပါကြောင်း၊ ယခုမိုးတွင်းကာလတွင် မြို့ပေါ်ရပ်ကွက်များကို နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရေပေးဝေနိုင်ကြောင်းနှင့် အဆိုပါဆည်ရေကို မတ်လကုန်လောက်အထိ ပေးဝေနိုင်လိမ့်မည်ဖြစ်ပါကြောင်းတို့ကို မြို့စည်ပင်သာယာရေးအဖွဲ့မှ အဆိုပါ ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်သူ ကိုသန်းကျော်က ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)