တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး



MNP ၊ စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာသီးနှံ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဆောင်းနေကြာ သီးထပ်စိုက်ပျိုးနိုင်ရန်အတွက် မိုးနေကြာမျိုးစေ့ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထပ်မံလိုအပ်မည့် နေကြာမျိုးများအား အချိန်မီစုဆောင်းရန် လိုပါကြောင်း၊ Contract Farming စနစ်ဖြင့် အကျိုးတူဆောင်ရွက်မည့်သူများ ရှာဖွေရမည့်အပြင် ရေလိုအပ်သည့် အချိန်တွင် ရေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နေကြာဆီစက်များ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးလျက်ရှိသည့် တောင်သူများနှင့် တွေ့ဆုံဆောင်ရွက်ကြရန် လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ဆောင်မည့် အခြေအနေများအား တင်ပြဆွေးနွေးရန် လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရန် လိုပါကြောင်း” ပြောကြားသည်။


ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နေကြာသီးထပ်စိုက်ပျိုးနိုင်ရေး မြေနေရာစုဖွဲ့မှု မျိုးလိုအပ်ချက်များနှင့် မျိုးစေ့စုဆောင်ရရှိမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)