ပင်းပက်နှင့် နောင်ကား ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်နှင့် နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း အခြေအနေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းပက်နှင့် နောင်ကား ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်နှင့် နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း အခြေအနေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်စစ်ဆေး



MNP ၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်နှင့် နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း အခြေအနေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကလောဘူတာ၏ အစဉ်အလာကို ဆက်လက်စောင့်ထိန်းရေး၊ ဘူတာအဆောက်အအုံနှင့် ယာဒ်ဝင်းအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာအား ရှေးမူမပျက် မွမ်းမံပြင်ဆင်ထိန်းသိမ်းထားရှိရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြားသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းနှင့် ချိတ်ဆက်ထားသည့်တွဲ ပြသထားမှုအခြေအနေကိုလည်းကောင်း၊ ပင်းပက်ဒေသရှိ သံမဏိထုတ်လုပ်ရေးစက်ရုံနှင့် ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ရန် လျာထားနေရာနှင့် ပင်းပက်ဘူတာ တည်ဆောက်မည့် နေရာတို့ကိုလည်းကောင်း၊ ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်မည့် လမ်းအူကြောင်းတစ်လျှောက် စီမံကိန်းလုပ်ငန်းခွင် နေရာများသို့လည်းကောင်း၊ နောင်ကားလမ်းဆုံမှ အထူးရထားစီးနင်း၍ ရထားလမ်းပိုင်း၏ ကြံ့ခိုင်မှုအခြေအနေကိုလည်းကောင်း၊ ဘူတာများ၏ သန့်ရှင်းသပ်ရပ်မှု၊ ကားနှင့် ရထားလမ်းကူး(Level Crossing) များ၌ မော်တော်ယာဉ်များ စနစ်တကျ ဖြတ်သန်းသွားလာမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တောင်ကြီးဘူတာ၌ တာဝန်ရှိသူများ၊ ဘူတာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဘူတာသန့်ရှင်းသပ်ရပ်စေရေး၊ စက်ခေါင်းနှင့်တွဲများ လုံခြုံမှုရှိစေရေး၊ ရထားများ အချိန်မှန်ကန်စေရေး၊ ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး ကိစ္စရပ်များကို မှာကြားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)