ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်သော ဓာတ်မြေသြဇာများအား တောင်သူများသို့ ထပ်ဆင့်ဖြန့်ဖြူး ရောင်းချပေးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်သော ဓာတ်မြေသြဇာများအား တောင်သူများသို့ ထပ်ဆင့်ဖြန့်ဖြူး ရောင်းချပေးခြင်း အခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်သော ဓာတ်မြေသြဇာများအား ပန်းတောင်းမြို့နယ် ဓာတ်မြေသြဇာ ဝယ်ယူသယ်ဆောင် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ တောင်သူများသို့ ထပ်ဆင့်ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်သော ဓာတ်မြေသြဇာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်သိမ့်သိမ့်အေး၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးသက်လှိုင်တို့က ပဲကြီးအုပ်စု- ၄၉အိတ်ခွဲ၊ မြောင်အုပ်စု-၂၅အိတ်၊ နတ်မောက်အုပ်စု-၂၉အိတ်၊ ထိပ်ပေါက်အုပ်စု-၂အိတ်ခွဲ၊ ထုံးဘိုအုပ်စု-၂၅အိတ် စုစုပေါင်း(၁၇၂)အိတ်ကို တစ်အိတ်လျှင် ၃၃၀၀၀ ကျပ်နှုန်းဖြင့် တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ တောင်သူများ (၃၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)