ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်ပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်ပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေးအသိပညာပေးဟောပြောပွဲကျင်းပ



MNP - စက်တင်ဘာ   ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်ပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင်ပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးသည် ဆက်စပ်နေကြောင်း၊ ယနေ့ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသူများအနေဖြင့် ပညာများကို ကောင်းစွာ သင်ကြားနိုင်ရန် ကျန်းမာရေးသည် အဓိကအရေးကြီးကြောင်း၊ ကိုယ်ရောစိတ်ပါကျန်းမာနေဖို့အတွက် နေ့စဉ်စားသုံးသည့် အာဟာရသည်အရေးကြီးသလို ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးကြီးကြောင်းပြောကြားပြီး   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းလှိုင်က အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်အုန်းမြင့်က အမျိုးသမီးများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းထားထားဆွေက ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က ကျောင်းသူများအတွက်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်‌ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များ၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှ ဆရာမများနှင့် ကျောင်းသူ(၈၀၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)