ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး



MNP - စက်တင်ဘာ   ၅


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် ဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းအဖြစ် မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ရွာဟောင်းရပ်ရှိ ပြည်သူများအား ဆဋ္ဌမအကြိမ် လည်ပတ်ရန်ပုံငွေ ထုတ်ချေးလျက်ရှိရာ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့တို့က အနီး ကပ်ကြီးကြပ်ပေးပြီး ထုတ်ချေးပေးခဲ့ကြသည်။


လေးတောင်မြို့၊ ရွာဟောင်းရပ်တွင် မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမအကြိမ်ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၃၃)ဦးအား ချေးပေးငွေကျပ် ၁၁၆ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၆)ဦးအား ချေးငွေကျပ် (၁၆၅)သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၂)ဦးအား ချေးငွေကျပ် ၇ ဒသမ ၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ  (၂၆)ဦးအား ချေးငွေကျပ် (၉၅)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၅)ဦးအား ချေးငွေကျပ် ၁၇ ကျပ် ၅ သိန်း၊ စုစုပေါင်းချေးငွေကျပ် (၄၀၁) သိန်းအား မြစိမ်းရောင်စီမံကိန်းအသင်းသူ၊ အသင်းသား  (၁၁၂)ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ချေးငွေများထုတ်ချေးခြင်းဖြင့် ကျေးလက်နေပြည်သူများမှာ တစ်နိုင်တစ်ပိုင် ဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)