မြောင်းမြမြို့ ငါးမြင်းချောင်းကျေးရွာနှင့် ညောင်ချောင်းလေးကျေးရွာများသို့ သွားရောက်၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ ငါးမြင်းချောင်းကျေးရွာနှင့် ညောင်ချောင်းလေးကျေးရွာများသို့ သွားရောက်၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေလုံခြုံအေးချမ်းရေးအတွက် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ကွင်းဆင်းဆောင် ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ ၃၀  အချိန်ကစ၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင် တို့ဦးဆောင်သော  ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် မြောင်းမြမြို့နယ်ရှိ ငါးမြင်းချောင်းကျေးရွာနှင့် ညောင်ချောင်းလေး ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင်  ငါးမြင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ညောင်ချောင်းလေးကျေးရွာ အလယ်တန်းကျောင်းတွင် လည်းကောင်း၊  ကျေးရွာအုပ်စုရှိ ဒေသခံ ပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး   ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို အလေးထားနားထောင်ပေးကာ ပြေလည်အောင် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  


ထိုသို့ဆောင်ရွက်ပေးရာတွင် ငါးမြင်းချောင်းကျေးရွာနေ ပြည်သူများ တင်ပြချက်ဖြစ်သော ငါးမြင်းချောင်း အ.ထ.က စာသင်ကျောင်း ဝန်ထမ်းအိမ်ရာ ပြီးစီးအောင် တည်ဆောက် လိုခြင်းကိစ္စ၊ ကျေးရွာတွင်း သွားလာရခက်သည့် ရွာချင်းဆက်လမ်းကို ပြုပြင်ခင်းပေးရန်ကိစ္စ၊ ကျေးရွာအတွင်း သောက်သုံးရေကန် အသစ်တစ်ကန် ရရှိလိုသည့် ကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍  ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး၊ ညောင်ချောင်းလေး ကျေးရွာနေ ပြည်သူများ၏ တင်ပြချက်ဖြစ်သော ညောင်ချောင်းလေး အ.လ.က ကျောင်း စာသင်ဆောင် တိုးချဲ့ဆောက် လုပ်လိုရေး အတွက် လိုအပ်သည့် မြေနေရာအား မြေပိုင်ရှင်ကို ခေါ်ယူ ညှိနှိုင်းပြီး မြေရရှိရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)