နမ့်ဆန်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကျင်းပပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နမ့်ဆန်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကျင်းပပြုလုပ်

19


MNP - စက်တင်ဘာ   ၉


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လူကုန်ကူးမှု အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက် မှုနည်းလမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ဟောပြောဆောင်ရွက်ခဲ့သည်။


ထို့နောက် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ပြသဆောင်ရွက်ခြင်း၊   စာအုပ်စာစောင်များကိုလည်း ပြသခဲ့ရာ   စိတ်ဝင် တစားလေ့လာကြည့်ရှုခဲ့ကြောင်း  သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages