ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီးအား ငွေကျပ်(၁၅)သိန်း ထောက်ပံ့ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီးအား ငွေကျပ်(၁၅)သိန်း ထောက်ပံ့

9


MNP - စက်တင်ဘာ   ၅


မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး ဒေါ်မြင့်မြင့်ဦးအား ပီတိပညာရေး ပရဟိတမှ  ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပီတိပညာရေး ပရဟိတနာယက ဦးတင်ထွဋ်က အငြိမ်းစားပင်စင် ယူပြီးသည့် ဆရာကြီး၊ ဆရာမကြီးများကို အလှူငွေ ကောက်ခံသည့်စနစ်ဖြင့် လစဉ်လတိုင်း ထောက်ပံ့ပေးနိုင်မှု အခြေအနေနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ပီတိပညာရေး နာယက ဦးအောင်ကျော်စိုက ယခုလိုသက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး၊ ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေ ကောက်ခံဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။


ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်မြင့်မြင့်ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်ငွေကျပ် (၁၅)သိန်းကို ပီတိပညာရေး ပရဟိတ နာယက ဦးတင်ထွဋ်က ပေးအပ်ခဲ့ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက်အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ပညာရေး (ငြိမ်း) ဆရာမ ဒေါ်မြင့်မြင့်ဦးက အလှူငွေ(၁)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာကြီး ဦးဌေးလှိုင်က လက်ခံပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages