တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း




MNP - စက်တင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်အတွင်းရှိ သံဃာ(၂၅)ပါးအထက်ရှိ ဘုန်းတော်ကြီးကျောင်း တိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်ပိုင်း တွင်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက မော်ရှည်ကုန်းကျေးရွာ မော်ရှည်ကုန်းကျောင်းတိုက်တွင် သံဃာ့ (၅၂)ပါးတို့အတွက် ဆန်(၁၂)အိတ်၊ ဆီ(၅၂)ပုလင်း ၊ ပဲ (၄၄) ပိဿာ  တို့ကိုထောက်ပံ့လှူဒါန်းခဲ့ပြီး ဆရာတော်များထံမှဩဝါဒစကားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကကျောင်းတွင် သီတင်းသုံးနေထိုင်သည့်ဆရာတော်များ၏ကျန်းမာရေးအခြေအနေများနှင့် နေထိုင်စားသောက်ရေး အခြေအနေများအားမေးမြန်းလျှောက်ထားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ ရဟန်း/သာမဏေ ၂၅ ပါး နှင့်အထက်ရှိ သောဘုန်းတော်ကြီးကျောင်း ၆ ကျောင်းတို့ရှိရဟန်း၊ သာမဏေ ၂၁၈ ပါး တို့အတွက် ဆန်(၄၉)အိတ်၊ ဆီ(၂၁၈) ပုလင်း၊ ပဲ(၄၄)ပိဿာ တို့ကိုဆက်လက်ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)