ပေါင်မြို့နယ် အထကကျွဲခြံ ကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အထကကျွဲခြံ ကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ






MNP ၊ စက်တင်ဘာ  ၇

မွန်ပြည်နယ်၊ပေါင်မြို့နယ် အထကကျွဲခြံ ကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းက လမင်းတစ်ရာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေး က ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုပါကြောင်း၊အရင်ကြိုးစားထားသောသူများလို့ နောက်တက်လာမည့် Grade 11 ကျောင်းသား၊ကျောင်းသူများကလည်းဒီထက်မကပိုတော်လာအောင်ကြိုးစားဖို့လိုအပ်ပါကြောင်း ကျောင်းကထုတ်ပြန်ထားသောစည်းကမ်းများကိုလည်းလိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

တစ်ဆက်တည်းမှာပင် အထက ကျွဲခြံကျောင်းအုပ်ကြီး ဒေါ်မြမြမိုးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ကုန်သည့်အထိ ဖတ်၊မှတ်၊ကျက် ကြရန်လိုအပ်ပါကြောင်း၊စည်းကမ်းလိုက်နာသော ကျောင်းသား၊ကျောင်းသူများဖြစ်ပါက မိမိတို့ရည်မှန်းချက်ပြည့်ဝသွားမည်ဖြစ်ပါကြောင်း စားကြိုးစားရန်လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။

ထို့နောက်  Grade 1 မှ တက္ကသိုလ်ဝင်တန်းအထိ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး သားငယ်သမီးငယ်များက တေးသီးချင်း အက များဖြင့်ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ကျောင်းအကျိုးတော်ဆောင်များ၊ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)