“ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ၊ ယဉ်ကျေးမှုပစ္စည်းများ တရားမဝင် ရောင်းဝယ်မှု တားဆီးရေး အာဆီယံရှုထောင့်” ညီလာခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ၊ ယဉ်ကျေးမှုပစ္စည်းများ တရားမဝင် ရောင်းဝယ်မှု တားဆီးရေး အာဆီယံရှုထောင့်” ညီလာခံကျင်းပ




MNP ၊ စက်တင်ဘာ ၇

ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ “ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ၊ ယဉ်ကျေးမှုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု တားဆီးရေး-အာဆီယံရှုထောင့်” “International Conference on Cultural Property Protection: The Prevention of the Illicit Trafficking of Cultural Properties: An ASEAN Perspective" နိုင်ငံတကာညီလာခံကို ယနေ့တွင် Video conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။


အစည်းအဝေးတွင် ပထမကဏ္ဍအဖြစ် နိုင်ငံတကာစုံညီအစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတို့ကို နံနက် ၈ နာရီတွင် ကျင်းပရာအာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်သိမ်းရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြသည်။


အဆိုပါအစည်းအဝေးတွင် ယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှု ကာကွယ်မြှင့်တင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို မျှဝေကြပြီး ယဉ်ကျေးမှုအမွေအနှစ်များ တရားမဝင်ရောင်း ဝယ်ဖောက်ကားမှု လျော့ပါးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြသည်။


ဆက်လက်၍ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုမည့် ကြေညာချက်အကျဉ်းချုပ် (မူကြမ်း)နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပြန်မည့် Media Statement (မူကြမ်း)တို့အပေါ် ဆွေးနွေးကြသည်။


မွန်းလွဲပိုင်းတွင် အစည်းအဝေးဒုတိယကဏ္ဍဖြစ်သည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများက ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးနယ်ပယ်များကို ဆွေးနွေးကြသည်။


အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန်၊ ခိုးယူခြင်း သို့မဟုတ် တရားမဝင်တင်ပို့သော ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများနှင့် ပတ်သက်သည့် UNIDROIT ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယူနက်စကို အဆင့်တွင်သာမက အာဆီယံအဆင့်တွင်လည်း ပိုမိုပူးပေါင်းပါဝင်လျက်ရှိကြောင်း  ပြောကြားသည်။


အဆိုပါ နိုင်ငံတကာညီလာခံအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနက ကြီးမှူး၍ စက်တင်ဘာ(၅)ရက်မှ (၆)ရက်အထိ နိုင်ငံတကာ ရှေးဟောင်းပညာ ရှင်များဖြင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)