တိုက်ကြီးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်




MNP - စက်တင်ဘာ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး မြို့နယ်အဆင့် စစ်ကြောင်း ၅ ကြောင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် တာဂွကျေးရွာအုပ်စု ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေး စစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကာကွယ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူးရဲမင်းအောင်က ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဒုရဲမှူးမျိုးခိုင်က အသိပညာပေး ဆွေးနွေးခြင်း၊ ပညာရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ က စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးခြင်းနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ညီညီအောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဒေသခံပြည်သူ (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။


ထို့နောက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ကျန်းမာရေးဉီးစီးဌာနမှ ကျေးရွာနေပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)