ဟုမ္မလင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေး




MNP - စက်တင်ဘာ   ၈ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဟုမ္မလင်းတပ်နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ယမန်နေ့၊ နံနက်(၇)နာရီခွဲအချိန်က ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ် ဒေသခံပြည်သူများ တပ်နယ်မှ ဆန်၊ ဆီ၊ အသား၊ ကြက်ဥ၊ ပဲ၊ မြို့နယ်ထွေ/ အုပ်မှ ကျောက်ဖရုံသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ခရမ်းသီး၊ သခွားသီး၊ ပဲတောင့်ရှည်၊ ဘူးသီး၊ ဌက်ပျောသီး၊ ဂေါ်ဖီထုပ်၊ ပိန်းဥ၊ မုန့်ညှင်းဖြူ၊ ငါးရံ့ပတူရွက်၊ ကင်ပွန်းချဉ်နှင့်ကြိမ်ဖူးတို့အား ဈေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။


အဆိုပါ ဈေးရောင်းချပွဲသို့ ခေတ္တစစ်ဗျူဟာမှူး ဒုမှူးကြီး အောင်ကြည်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - လင်းလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)