မအီမြို့ ဂျီဖြူတောင်ကျေးရွာအုပ်စုတွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဂျီဖြူတောင်ကျေးရွာအုပ်စုတွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ






MNP ၊  စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ညွှန်ကြားချက်နှင့်အညီ ပြည်သူများ သတ်မှတ်အကြိမ်ရေ ပြည့်မီစွာထိုးနှံနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် မူလတန်းမှ အထက်တန်းအထိ  ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံခြင်းများကို ကျောင်းအခြေပြုအနေဖြင့်လည်းကောင်း၊ ပြည်သူအခြေပြုအနေဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်း(Booster dose) ထိုးနှံခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင်  ကွင်းဆင်းထိုးနှံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာ စုရပ်ထားရှိသည့် ဂျီဖြူတောင် (အ ထ က- ခွဲ) သို့ ဂျီဖြူတောင်ကျေးရွာ အုပ်စုအတွင်းရှိ အောင်သပြေ၊ ကံကျွန်း၊ ကင်းခြေရွာသစ်၊ ကင်းခြေရွာဟောင်း၊ ကျောက်ကြီးပေါက်၊ လုံးတော်ပေါက်၊ ကျောက်သုံးလုံး စသည့်ကျေးရွားများမှ ပြည်သူများက လာရောက်ထိုးနှံခဲ့ကြပြီး ယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၌ ကျောင်းသား/ကျောင်းသူ (၂၄၉)ဦးနှင့် ပြည်သူ(၁၁၃၃)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများကို မအီမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများတွင် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)