ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာ များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသလုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီး နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)