ပြင်ဦးလွင်မြို့ရှိ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စိစစ်ရေးမှူး (၄) ဆေးမှတ်တမ်း သင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ရှိ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စိစစ်ရေးမှူး (၄) ဆေးမှတ်တမ်း သင်တန်း ဖွင့်ပွဲကျင်းပ

 


MNP - စက်တင်ဘာ   ၂ 


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စိစစ်ရေးမှူး (၄) ဆေးမှတ်တမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက  ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀) ဆံ့  ပြည်သူ့ဆေးရုံကြီးရှိ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြသည်။


ရှေးဦးစွာ  ပြင်ဉီးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိမှ ပြင်ဉီးလွင်မြို့တွင် စိစစ်ရေးမှူး (၄) ဆေးမှတ်တမ်းသင်တန်းဖွင့်လှစ်ရသည့် အကြောင်း ရှင်းလင်းပြောကြားခြင်း၊ သင်တန်းတွင် သင်ကြားရမည့်ဘာသာရပ်များအကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြဆရာများ၏ သင်ကြားမှုအား စနစ်တကျလိုက်နာသင်ယူရန် စသည့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး သင်တန်းသား/သင်တန်းသူများနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၆ ) လဖြစ်ပြီး  နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ  သင်တန်းနည်းပြဆရာများမှ စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှ သင်တန်းသား/သင်တန်းသူ (၂၅) ဦး  တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)