မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၅၄)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၅၄)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်




MNP - စက်တင်ဘာ   ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ) လများအတွက်  လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဦးမင်းသက်နိုင်က နိုင်ငံတော်ကလူမှုဝန်ထမ်းမှတစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများလက်ဝယ်သို့အရောက် သွားရောက်ထောက်ပံ့ ပေးစေချင်ကြောင်း အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုရေးပင်စင်ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။  သက်ကြီးဘိုးဘွားများ တစ်ဦးလျင် ငွေကျပ်၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုတို့မှ သက်ကြီးဘိုးဘွားများ(၅၄)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၆၂၀၀၀၀ အား  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)