ကန့်ဘလူမြို့၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်



MNP - စက်တင်ဘာ   ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စုရပ်အခြေပြု၍ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အအသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)နှင့် ပိုလီယို အစက်ချကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။


ကျန်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၃ ရက်မှ ယနေ့အထိ အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ် ၈၂၀ ခန့်နှင့် ကိုယ်ဝန်ဆောင်မိခင် ၁၈၀ ခန့်တို့ကို ထိုးနှံပေးပြီးဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)