ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌၊ ခတ္တာလမ်းတွင် ရေမြောင်းအုပ်စီလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌၊ ခတ္တာလမ်းတွင် ရေမြောင်းအုပ်စီလုပ်ငန်းများ ဆောင်ရွက်



MNP - စက်တင်ဘာ   ၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန် ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံ ငွေကျပ် (၈.၈၈) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်း၊ လမ်း‌ဘေးဝဲယာတွင် မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရေ‌မြောင်အုတ်စီခြင်းလုပ်ငန်းကို စက်တင်ဘလ ၄ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းသည် အရှည်(၃၀၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၃)ပေရှိပြီးလုပ်ငန်းများ သတ်မှတ်အချိန် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ ကျန်းမာရေး၊ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေး အတွက်အဆင်‌ပြေလွယ် ကူ‌‌လာစေမည့်အပြင် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊လူမှုရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)