မွန်ပြည်နယ် ဝန်ကြီးချုပ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်

 


MNP - စက်တင်ဘာ   ၆


မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာ၊ ပြည်နယ်အားကစားဥယျာဉ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။


ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦးနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တာဝန်ရှိသူမှ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပန္နက်တော်တင်ရန် သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများက မင်္ဂလာအချိန်တွင် ပန္နက်တော်တင်၍ အမွေးနံသာရည်များ ပက်ဖျန်းပေးခဲ့သည်။


မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦးကို (၂ဝ၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄၉၂.ဝ) ဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းဖြစ်ပြီး အားကစားနည်း (၁၇) မျိုးကို ပြည်နယ်အတွင်း ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)