ဒုံဝန်းကျေးရွာမှ စုပေါင်းပဒေသာပင်များအား စာရေးတံမဲ လောင်းလှူနိုင်ရေး သွားရောက်ပို့ဆောင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒုံဝန်းကျေးရွာမှ စုပေါင်းပဒေသာပင်များအား စာရေးတံမဲ လောင်းလှူနိုင်ရေး သွားရောက်ပို့ဆောင်

017

018

019

020

021

022


MNP ၊ စက်တင်ဘာ  ၁၀

မွန်ပြည်နယ်၊ သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်ဆရာတော် ဦးဆောင်မှုဖြင့် ဒုံဝန်းကျေးရွာနေ ပြည်သူများနှင့် ရပ်နီးရပ်ဝေး အလှူရှင်များ စုပေါင်းလှူဒါန်းသည့် စာရေးတံမဲ ပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ကမာစိုင်ကျေးရွာ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်သို့ တပျော်တပါး ပို့ဆောင်ခဲ့ကြသည်။


သွားရောက်ပို့ဆောင်ရာတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အလှူရှင်များ၊ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ၊ ကျေးရွာနေပြည်သူများတို့က ဒေသခံပအိုဝ်းရိုးရာ ထုံမောင်းအဖွဲ့နှင့်အတူ ဒုံဝန်းကျေးရွာမှ ကမာစိုင်ကျေးရွာတစ်လျှောက် တပျော်တပါး စီတန်းလှည့် ပို့ဆောင်ခဲ့ကြသည်။


အဆိုပါ စာရေးတံမဲ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကမာစိုင်ကျေးရွာတွင်ပြုလုပ်သည့် ၁၆ ကြိမ်မြောက် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက် ဂရုဓမ္မအခါတော်နေ့ စာရေးတံမဲအလှူတော်၌ သံဃာတော်အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင် အပါး ၆၀၀ ကျော်တို့အား လောင်းလှူ ပူဇော်သွားမည်ဖြစ်ပြီး ကျပ်သိန်းပေါင်း ၂၃၀ ကျော် တန်ဘိုးရှိကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages