ကလောမြို့နယ်၌လယ်ယာသုံးစက်ကိရိ ယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း (၂/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌လယ်ယာသုံးစက်ကိရိ ယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်

 


MNP - စက်တင်ဘာ   ၆


လယ်ယာကဏ္ဍတွင် စက်ကိရိယာများ အစားထိုးသုံးစွဲ၍ တောင်သူများ လယ်ယာသုံးစက် ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး၊ စနစ်တကျ ကိုင်တွယ် အသုံးပြု မောင်းနှင်ထိန်းသိမ်းတတ်စေရန် ဒေသခံ တောင်သူအချင်းချင်း နည်းပညာ ဆင့်ပွားပေးနိုင်ရန် တောင်သူများ လက်ဝယ်၌ လယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်မှု တိုးတက်မြင့်မားလာပြီး၊ စက်မှုလယ်ယာစနစ်သို့ လျှင်မြန်စွာ ကူးပြောင်းနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် အောင်ပန်းမြို့  စက်မှုလယ်ဦးစီးဌာနအမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြင်းမထိကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ် အောင်ဌေးက သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းအပေါ် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူစေလိုကြောင်း၊ သင်တန်းပြီးဆုံးထိတိုင် တက်ရောက်သင်ကြား စေလိုပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဦးဘဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်း လာရောက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်စားရပ်မိ/ရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ၅ ရက်နေ့မှစ၍ ၁၆ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ခြင်းကြောင့် ကျေးလက်ဒေသနေ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်သည့် အတတ်ပညာများ အခြေခံအားဖြင့် တတ်မြောက်ပြီး လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိ ယာများဖြင့် အစားထိုး၍ အချိန်မီဆောင်ရွက်နိုင်ပြီး၊ သီးထပ်များ အချိန်မီစိုက်ပျိုးနိုင်ခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)