လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊ စက်တင်ဘာ  ၂၂

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်ကုတ်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတာနာ ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် က အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦဦးစီး အရာရှိ ဦးမြင့်ရွှေ က လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်လတ် ကယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်းကောင်း ၊ ကျန်းမာရေးဦးစီးဌာနမှ မြို့မကျန်းမာရေး မှူးက ကိုဗစ်-၁၉ ရောဂါသိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊စားသုံးသူရေးရာ ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း က စားသုံးသူအန္တရာယ်ကင်းဝေးရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်အေးနန္ဒာကျော် က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြော ပြီးနောက် ကိုယ်ကာယကြံ့ခိုင်ရေး အေရိုးဗစ် ကစားနည်းသရုပ်ပြသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူများ ၊ ဆရာ ၊ဆရာမများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)