မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်




MNP - စက်တင်ဘာ   ၉


၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၉) အခြေခံအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ပြီး စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနားတွင် အမှတ်(၉)အခြေခံပညာ အထက်တန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက “ဝထကလဿ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၊ နာယက၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။


ယင်းနောက် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသပြီး ပြည်နယ်ဝန်ကြီးက အခမ်းအနားအထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက် ပညာ‌ရေး သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အခြေခံပညာကျောင်းအုပ်များနှင့် တာဝန်ရှိသူ များက အထိမ်းအမှတ်ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)