ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ အထက ကျောင်း အဆင့်တိုးမြှင့် ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ အထက ကျောင်း အဆင့်တိုးမြှင့် ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ







MNP ၊ စက်တင်ဘာ ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ  အထက ကျောင်း အဆင့်တိုးမြှင့် ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကိုယနေ့နံနက်ပိုင်းက ရွှေဟသ်ာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးမြသွင် က ယခုအထက ကျောင်းဖွင့်လှစ်ရသည်မှာလွန်ခဲ့သော ၁၉၇၁ ခုနှစ်က အမက ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်မှ အထကကျောင်းအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း အထက ကျောင်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပံ့ပိုးပေးကြသော ကျောင်းအကျိုးတော်ဆောင်များ၊

ကျောင်းသားမိဘများ၊ရပ်မိရပ်ဖများ၏ ကြိုးစားအားထုတ်မှုဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။


ထို့နောက် လူမှုရေးဝန်ကြီး ဦးမြတ်သွင် က ကျောင်းအတွက် ဗလာစာအုပ် ဒါဇင်(၁၀၀)ကိုလည်းကောင်း၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက Desk Top ကွန်ပျူတာ (၅)လုံးကိုလည်းကောင်းလှူဒါန်းပေးခဲ့သည်။


ဆက်လက်၍ အထကကျောင်းမြှင့်တင်ရေး ဖွင့်လှစ်ခြင်းကို ကျေးရွာဆရာတော်ကြီး၊မွန်ပြည်နယ်အစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး၊တိုင်းရင်းသားရေးရာဝန်ကြီး၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်ပညာရေးမှုး ဒေါက်တာချိုချိုမြတ်အောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်အားအမွှေးနံသာများဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။


အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး၊တိုင်းရင်းသားရေးရာဝန်ကြီး၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်ပညာရေးမှုး ဒေါက်တာချိုချိုမြတ်အောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှုး၊ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများ၊ကျောင်းသားမိဘများ၊ကျောင်းအကျိုးတော်ဆောင်များ ရပ်မိရပ်ဖများ၊တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)