ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကမ်းခြေ ကမ်းစပ်တွင် သစ်ပင်များစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကမ်းခြေ ကမ်းစပ်တွင် သစ်ပင်များစိုက်ပျိုး


MNP ၊ စက်တင်ဘာ  ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကမ်းခြေ၊ ကမ်းစပ်အရှည် သစ်ပင်များစိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးခြင်းကို မုတ္တမပင်လယ်ကွေ့စီမံကိန်းနှင့်သစ်တောဦးစီးဌာန တို့ပူးပေါင်းအဖွဲ့မှ အလှပ်ကျေးရွာအုပ်စု ဇီးကုန်းကမ်းခြေတွင် ကမ်းစပ်အရှည် ၆၆၀၀ ပေ တစ်တန်းလျှင် အပင် ၁၁၀၀ ပင် ၊ ၅ တန်း ၅၅၀၀ ပင် စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့်ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးကျော်သူမှ သစ်တောပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အစားထိုးအပင်စိုက်ပျိုးပေးနေမှုအခြေအနေများ၊ ပင်လယ်ရေတိုက်စားမှုဒဏ်ကာကွယ်နိုင်ရေး ဒီရေတောစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါက ရရှိလာမည့်အကျိုးအကျေးဇူးများနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိပါက သဘာဝပတ်ဝန်းကျင်နဲ့ လူသားများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်ဆိုင်ရာများရှိခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လူသားများ၏ ဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ သယံဇာတများ တစ်နှစ်မှ တစ်နှစ် ယိုယွင်းပျက်စီးမှုများရှိနေကာ ပင်လယ်ရေနေသတ္တဝါများသည်လည်း မျိုးတုံးပျောက်ကွယ် လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်လာရနိုင်သောကြောင့် သစ်တောဦးစီးဌာနက လွန်ခဲ့သုံးနှစ်ခန့်က ဒီရေတော ဧက ၁၀၀ကျော် စိုက်ပျိုးခဲ့ကြောင်း ဒီရေတောအပြင် သမဲ့ပင် နှင့် ဗျူးခြေထောက်ပင်တွေကိုပါ စိုက်ပျိုးခဲ့ကြကြောင်း ပြောကြားခဲ့သည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)