MNP - စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့မှ စေတနာရှင်မိသားစုတစ်စုမှ လှူဒါန်းခဲ့သော ဓမ္မာရုံမြေနေရာတွင် မြို့ဓမ္မာရုံဖြစ်တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား မြို့ဓမ္မာရုံဖြစ်မြောက်ရေးအဖွဲ့နှင့် ဌာန ဆိုင် ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါမြေနေရာ၌ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်းများပြုလုပ်ခြင်း၊ ဓမ္မာရုံတည် ဆောက်ရန်မြေနေရာနှင့် ပြည်ထောင်စုလမ်းမကြားတွင် ကွန်ကရစ်ကွင်းများဖြင့် ရေမြောင်းပြုလုပ်၍မြေဖို့ခြင်း၊ လမ်းမြေညှိခြင်းများကို စက်ယန္တ ရားများ၊ကာယလုပ်အားများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မြို့ဓမ္မာရုံ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ လိုအပ်သည်များကို စေတနာရှင် အပေါင်းတို့မှ ဓမ္မာရုံဖြစ်မြောက်ရေးကော်မတီသို့လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။
သတင်း - ရူပါမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment