ပေါင် မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး တတိယ အကြိမ်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင် မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး တတိယ အကြိမ်ထိုးနှံပေးလျက်ရှိ





MNP ၊ စက်တင်ဘာ   ၅    

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင် ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံရေးလုပ်ငန်းကို စက်တင်ဘာ(၅)ရက် တွင် ဆေးထိုးစုရပ်ကျောင်း (၉)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။ 

 

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ ဦးဆောင်မှုဖြင့်  အခြေခံပညာကျောင်း(၁၆၀)ကျောင်း၊  ကိုယ်ပိုင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၁၆၂)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော ကျောင်း သား/သူ များအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။


ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးကို ဆေးထိုးစုရပ်ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/မများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိ‌ ပြီး ပေါင်မြို့နယ်အတွင်းရှိ စုစုပေါင်း ကျောင်းသား/သူ(၃၀၀၄)ဦး ဆေး ထိုးပြီးစီးကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)