သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝ မြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်လှစ်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝ မြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်လှစ်နေမှုအား ကွင်းဆင်းကြည့်ရှု

 


MNP - စက်တင်ဘာ   ၂၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ရှင်ဂျော့ဂျက်အသင်းတော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိရေး အမျိုးသမီးငယ်များဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ရက်ကန်းသင်တန်းတွင် ကရင်ရိုးရာအထည်များနှင့် လွယ်အိတ်ရက်နည်း စသည်တို့ကို သင် ကြားပေးကာ သင်တန်းသူ (၁၀) ဦး တက်ရောက်ပြီး  သင်တန်းဆရာမ (၂) ဦးဖြင့် သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာလ(၁)ရက်မှ(၃၀)ရက်အထိ တစ်လတာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)