စစ်ကိုင်းမြို့တွင် စပါးစနစ်တကျကြဲပတ်စိုက်ပျိုးနည်းစနစ်ဖြင့် အထွတ်တိုးနည်းပညာပေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် စပါးစနစ်တကျကြဲပတ်စိုက်ပျိုးနည်းစနစ်ဖြင့် အထွတ်တိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်



သတင်း - စက်တင်ဘာ   ၁


စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စပါးစနစ်တကျ ကြဲပတ်စိုက်ပျိုးနည်းစနစ်ဖြင့် အထွက်တိုး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။


သင်တန်းပို့ချရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံမှ ဦးစီးအရာရှိက “စပါးကြဲပက် စိုက်ပျိုးနည်းစနစ်ဖြင့် အထွတ်တိုးနည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက “စိုက်ပျိုးရေး ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် စီမံရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်မြေ အသုံးချရေးတာဝန်ခံက “စပါးကြဲပတ် စိုက်ပျိုးရာတွင် မြေဩဇာစနစ်တကျ အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံက “စပါးသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပို့ချပေးသွားမည်ဖြစ်သည်။ 


အဆိုပါသင်တန်းကို တစ်ရက်တာ ပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသို ခရိုင်/ မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးများနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)