ကြံခင်းမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး



MNP - စက်တင်ဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ ဆေးထိုးစုရပ်တွင် ထိုးနှံပေး ကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးရာတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၄၇၁)ဦးနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀၃)ဦးတို့အား ထိုးနှံပေးကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။


အဆိုပါ ဆေးထိုးစုရပ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ (အထက-၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ် လျှင် ချက်ချင်းကုသပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)