ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ





MNP ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးစီးသူများကို တတိ ယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက မြို့မ-အထက(ခွဲ)နှင့်သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သည့်  ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းပြုစုခြင်း၊ လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများကို ကိုယ်အပူရှိန်တိုင်းတာခြင်း၊သွေးပေါင်ချိန် တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုတို့ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးအားထိုးနှံပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရေးဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ ခုနှစ်ထောင်ကျော်ရှိပြီး၊ ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား ကျောင်းသား/သူ ၈၁၄ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)