MNP - စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဓမ္မစေတီလမ်း(လင့်လမ်းမှကမ္ဘာအေးဘုရားလမ်းထိ)အရှည်ပေ (၃၀၀၀)ရှိသော ရေပိုက်လိုင်းအဟောင်းအား မြို့နယ်အင်ဂျင်နီယာရေနှင့်သန့်ရှင်းမှုဌာနမှ ရေပိုက်လိုင်းသစ်ဆောင်ရွက်ခြင်းကို ယမန့်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်ပြီး ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာခေတ္တအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment