မြောက်ဦးမြို့( အ.ထ.က-၂ ) ကျောင်းမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့( အ.ထ.က-၂ ) ကျောင်းမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ



MNP - စက်တင်ဘာ   ၅


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ (အ.ထ.က-၂) ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျင်း ပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် Grade-8 ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နောက် (အ.ထ.က-၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်မြင့်က တက္ကသိုလ်ဝင်တန်းတွင် ထူး ချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းနှင့်ပတ်သတ်၍ အဖွင့်အ မှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍(အ.ထက-၂) ကျောင်း၌ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦးဖြစ်သော မဆွေဆွေမြင့်နှင့် မစန်းစန်းဝင်း ၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး ဖြစ်သော  မောင်မင်းမင်းကျော် ၊ မမြစော၊ မောင်နေလင်းထွန်းနှင့် မသဇင်ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၂ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၄၄ ဦးတို့ကို တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထိုဆုပေးပွဲ အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ (အ.ထ.က-၂) ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၊ ဂုဏ်ထူးရ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။


သတင်း - မြင့်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)