အ.ထ.က(မိုင်းကိုင်)၌ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(မိုင်းကိုင်)၌ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၏ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ပန်းခင်းစီမံချက် (၂) ဖြင့်  အခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ  အခမ်းအနား ကို  ယနေ့မနက် ၉ နာရီက  အထက (မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဗိုလ်မှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ  ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများ ၊ မြို့နယ်ပညာရေးမှူး၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင်  နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှဗိုလ်မှူးကြီး မြင့်ကျော်က နိုင်ငံတော် အနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်အမျိုးမျိုးရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း ပန်းခင်း စီမံချက် (၂) ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အသက် ၁၈ နှစ်ပြည့်လာမည့်သူ နိုင်ငံသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးလျက်ရှိ‌ကြောင်း၊ စီမံချက်ကာလအတွင်းဖြစ်သဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များကို အချိန်တိုအတွင်း ရယူကိုင်ဆောင်နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တန်ဖိုးထားထိန်းသိမ်းကြစေလိုကြောင်း၊ နိုင်ငံသားအခွင့်အရေးများကိုလည်း အပြည့်အဝ ခံစားနိုင်ပြီ ဖြစ်သလို နိုင်ငံသား၏ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာကြစေလိုကြောင်း စသည်ဖြင့်  အကျယ်တဝင့် မှာကြားပြီးနောက် တက်ရောက်လာကြသော တာဝန်ရှိသူများက  ပညာရေးဝန်ထမ်း မိသားစုများနှင့် ကျောင်းသားကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင်  အ.ထ.က(မိုင်းကိုင်)၏ ပညာရေးဝန်ထမ်းမိသားစု ၁၁ စုနှင့်  မူလတန်းမှ အထက်တန်းအထိ  ကျောင်းသားကျောင်းသူ ၁၀၅ ဦး တို့ကို  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)