ပေါင်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (ခွေးရူးရောဂါ)အကြောင်း အသိပညာပေး ပွဲကို ယမန်နေ့က အမက (၂)ဖလပ်၌ ပြုလုပ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်က ကျောင်းသား/သူများအနေဖြင့် ခွေးရူးလက္ခဏာများတွင် ခွေးသည် မှိုင်ပြီးကုတ်ခြင်း၊ သရေကျခြင်း၊ အမှီးကုတ်ခြင်း၊ မလန်းခြင်း၊ ပုံမှန်အနေအထားမရှိခြင်း၊ လှုပ်လှုပ်ရွရွဖြစ်ခြင်း စသည့်အချက်များရှိလာပါက သတိထားကြရန်၊ ယခုရာသီသည် ကိုဗစ်-၁၉ ရောဂါ ပြန်ဖြစ်နေသည့်အတွက် သားတို့သမီးတို့အနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန် စသည်များကို မှာကြားဆွေးနွေးသည်။


ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူ များအား နို့ဗူး (၁၅၀) ဗူးတိုက်ကျွေးခဲ့ရာ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)