ပခုက္ကူခရိုင်အတွင်းရှိ‌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၉၉၈)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူခရိုင်အတွင်းရှိ‌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၉၉၈)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ပြီးစီး



MNP - စက်တင်ဘာ   ၂၄


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများအနေဖြင့် ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ပခုက္ကူခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွား(၃၉၉၈)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများ ပေးအပ်ပြီစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ) များအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအနေဖြင့် ပခုက္ကူမြို့နယ်(၁၉၄၆)ဦး၊ ရေစကြိုမြို့နယ်(၁၃၃၀)ဦး၊ မြိုင်မြို့နယ်(၅၄)ဦး၊ ပေါက်မြို့နယ်(၁၈၇)ဦးနှင့်ဆိပ်ဖြူ(၄၈၁)ဦး၊ စုစုပေါင်း (၃၉၉၈)ဦးရှိပြီး တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၁၉၉၄၀၀၀၀)ကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)