ပေါက်တော အ.ထ.က ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါက်တော အ.ထ.က ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကျင်းပ

055

056

057


MNP ၊ စက်တင်ဘာ  ၉

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ (၃)နာရီက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အ.ထ.က-ပေါက်တောကျောင်း၌ ပြုလုပ်ရာ ၎င်းကျောင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ထိုသို့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “စာမတတ်သူပပျောက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ(၈)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်"စာမတတ်သူတို့ဝိုင်းကူ"ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ(၇)ဦးတို့လည်းကောင်း၊ ပန်းချီ ပြိုင်ပွဲတွင် "နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်" ခေါင်းစဉ်ဖြင့်အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူ(၂)ဦး စုစုပေါင်း(၂၀)ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages