တပ်ကုန်းမြို့၌ တပ်မတော်( ကြည်း၊ ရေ ၊ လေ )မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ တပ်မတော်( ကြည်း၊ ရေ ၊ လေ )မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းပွဲကျင်းပ




MNP - စက်တင်ဘာ   ၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်စေတနာ ရှင်ပြည်သူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။


အခမ်းအနားသို့ တပ်ကုန်းမြို့နယ်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသီရိ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သာသနာ့ဝင်နွယ်သီလရှင်များ ကြွရောက်တော်မူကြပြီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တက်ရောက်လာသူများက မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူကြပြီး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ပဲ နှင့်ဆေး တို့ကို အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသီရိ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော်( ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်းပဒေသာပင် အလှူငွေ(၁၂၅၈၆၀၀၀) ကျပ်အား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းမှ လှူးဒါန်းပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူခဲ့သည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်သို့ တပ်မတော် (ကြည်း၊ ရေ ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှ စ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး၊ ယနေ့လှူဒါန်းမှုအစုစုမှာ ဆွမ်းပဒေသာပင်အလှူငွေ (၁၂၅၈၆၀၀၀)ကျပ်၊ ဆန် (၄၉၁)အိတ် (၁၆)ပြည်၊ ဆီ (၁၄၇) ပိဿာ၊(၅၀)ကျပ်သား၊ ပဲ(၁၄၇၅) ပိဿာ၊ ဆား(၁၄၇၅) ပိဿာ၊ လက်သန့်ဆေး (၇၉၂) ဘူးနှင့်တိုင်းရင်းဆေးမျိုးစုံ (၁၇၈၈) ဘူးတို့ဖြစ်ပြီး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ( ၄၀၂၂၂၅၀၀ ) ဖြစ်ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)