သာပေါင်းမြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော ရေချိုငါးများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော ရေချိုငါးများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေး

 


MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ပြည်သူများအား သန့်ရှင်းလတ်ဆတ်သော ရေချိုငါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင် ရေးအတွက် မြို့နယ်အတွင်းရှိ အင်းဂရန်ကိုင်များမှ ရောင်းချပေးခြင်းကို ယနေ့  နံနက် ၇ နာရီ အချိန်က (သီရိရွှေသာဈေး) မြို့မဈေးရှေ့တွင် ရောင်းချပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများက လာရောက်ပူးပေါင်းကာ ဈေးရောင်း၊ ဈေးဝယ်နေမှုအား အားပေးကူညီခဲ့ကြပြီး လာရောက်ဝယ်ယူသူ အိမ်ထောင်စု(၁၄၀)အား ငါးစားသုံး ရခြင်း အကျိုးကျေးဇူး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်း၊ ငါးခေါင်းပွ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန်(၇၀)ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြပြီး အခြေခံ လူတန်းစားများ သက်သာသော ဈေးနှုန်းဖြင့် ငါးစားသုံးနိုင်ရေး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)