ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အောင်လံခရိုင်ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အောင်လံခရိုင်ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ



MNP - စက်တင်ဘာ   ၆


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အောင်လံခရိုင်ရုံးရှိ ဝန်ထမ်းများနှင့် ယနေ့နံနက် ၈ နာရီတွင်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများ ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်၊ ပြည်သူလူထုအား အသိပညာပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကျိုးခံစားခွင့်ရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)