သာပေါင်းမြို့နယ်တွင် သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်

 


MNP - စက်တင်ဘာ  ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ စက်တင်ဘာလ ၁ ရက်၊ ၁၃၈၄-ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှစတင်၍ အမှတ်(၂)ရပ်ကွက်၊ ချမ်း‌မြေ့သာယာလမ်း ၊စိန်တိုက်(စိန်ရွှေရတနာဆိုင်)ရှေ့တွင် ဦးကိုကိုလေး(မြို့နယ်ပညာရေးမှူးငြိမ်း) + ဒေါ်မြဆင့်၊ စိန်တိုက်(စိန်ရွှေရတနာဆိုင်)၊ ကံ့ကော်သောက်ရေသန့်၊ ဆန်းလင်း‌ကျော် (အိမ်ဆောက်ပစွည်းနှင့် စက်အပိုပစ္စည်းအရောင်းဆိုင်)မိသားစုများမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။


ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး (၁၃၅)ပါးတို့ကိုပင့်ဖိတ်၍ အမှတ်(၂)ရပ်ကွက်၊ ချမ်း‌မြေ့သာယာလမ်း၊ စိန်တိုက်(စိန်ရွှေရတနာဆိုင်)ရှေ့၌ ဦးကိုကိုလေး(မြို့နယ်ပညာရေးမှူးငြိမ်း) + ဒေါ်မြဆင့်၊ စိန်တိုက်(စိန်ရွှေရတနာဆိုင်)၊ ကံ့ကော်သောက်ရေသန့်၊ ဆန်းလင်း‌ကျော် (အိမ်ဆောက်ပစွည်းနှင့် စက်အပိုပစ္စည်းအရောင်းဆိုင်)မိသားစုများမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင် လှူဒါန်းအပ်‌သော သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ၊ လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု (၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)