MNP - စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အဆုတ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုကို ယနေ့နံနက်ပိုင်းက အထကကျွဲခြံကျောင်း လမင်းတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စမ်းသပ်မှုပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြိုနယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ ကျွဲခြံကျေးရွာရှိ ဒေသနေပြည်သူများ အခမဲ့လာရောက်စမ်းသပ်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုအဆုတ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာရောဂါ စမ်းသပ်စစ်ဆေးချက်အရ (၈၅) ဦးတွင် အဆုတ်တီဘီရောဂါ တစ်ဦးစမ်းသပ်မှုအရသိရှိရပြီး လိုအပ်သောဆေးကုသမှုများကို ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment