စဉ့်ကိုင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေ ဖြင့်စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြား တတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ဌားရမ်းပေးလျှက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရေးဦးစီးဌာန မှဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယမန်နေ့ မွန်းလွဲ(၁)နာရီကမြို့နယ်စာရင်းစစ်ရုံးတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်    စာကြည့်တိုက်သို့လာ ရောက်လေ့လာဖတ်ရှုလိုသော်လည်း ဌာနဆိုင်ရာများအနေဖြင့်  အခက်အခဲများရှိသည့်   အတွက်  စာဖတ်၊ စာငှား ပရိတ်သတ်များအတွက် စာအုပ် ၊ စာစောင်များ  အလွယ်တကူ ငှားရမ်း  ဖတ်ရှုနိုင်ရေး   နယ်လှည့် မိုလ်ဘိုင်း စာကြည့်တိုက်လုပ်ငန်းဖြင့်    လက်ဝယ်အရောက်   ဝန်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက်စာအုပ်များအား တစ်ပတ်တစ်ကြိမ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)