MNP ၊ စက်တင်ဘာ ၁၁
ရုရှားနိုင်ငံတွင် ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) သို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ ယနေ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေခြင်းကြောင့် နိုင်ငံငယ်များ နစ်နာဆုံးရှုံးရသည့်အခြေအနေများ၊ ဒေါ်လာအစားထိုး ရူဘယ်၊ ယွမ်၊ ရူးဘီ တို့ ကို အသုံးပြုသင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများသည် နူးကလိယားဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် မီဒီယာကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ယနေ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့် နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့အား ပြည်သူများက ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment