သီပေါမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီးလဲကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီးလဲကျ



MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့မွန်းလွှဲ (၃:၄၅)နာရီ အချိန်ခန့်က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇာတ်စုရပ်ကွက်နယ်မြေ(၈)ရှိ လမ်းသွယ်ပေါ်တွင် သစ်ယာပင်ကြီး တစ်ပင်ကန့်လန့်ဖြတ်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ယာပင်ကြီးမှာ လုံးပတ်(၅)ပေ၊ အမြင့်(၅၀)ပေခန့်ရှိပြီး လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဲကျခဲ့ခြင်းဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုများမရှိပါကြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိဦးအောင်ကြည်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်စည်းမခြားပရဟိတအသင်းဝင်များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ပြည်သူများ၊ မော်တော်ဆိုင်ကယ်နှင့်ယာဉ်များသွားလာရန် အခက်အခဲမရှိစေရေးအတွက် သစ်ယာပင်ကြီးအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဖျက်ထုတ်ခြင်းနှင့် လိုအပ်သောလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)