ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်




MNP - စက်တင်ဘာ   ၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး ငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ရင်းဘိုင်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုတာဝန်ရှိသူများက လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀) ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း (၁၀၀) ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန် အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားပြီးနောက် ရင်းဘိုင်းကျေးရွာအုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT) အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင် (၃၃) ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၅၈) ဦး စုစုပေါင်း (၉၁) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၃,၉၉၀,၀၀၀/-) ကို လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)