အမက ဂွေ့ပင်ချောင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမက ဂွေ့ပင်ချောင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်




MNP ၊  စက်တင်ဘာ   ၂၀

ပေါင်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန နှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယနေ့  နေ့လယ်က အမက ဂွေ့ပင်ချောင်ကျောင်း ၌ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကကျောင်းသား/သူ များအတွေးအခေါ် မြင့်မားဖို့ စာပေလေ့လာဖတ်ရှုစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊လူကုန်ကူးမှုအဓိပ္ပါယ်နှင့် လူကုန်ကူးမှုဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ကိုဗစ် ရောဂါများဖြစ်ပွားနေပြီး ဖြစ်သည့်အတွက် မိမိကိုယ်ကို ကာကွယ်ကြရန် အမြဲလက်ဆေးကြရန် တိုက်တွန်းဟောပြောခဲ့သည်။

အမက ဂွေ့ပင်ချောင်  ကျောင်းအုပ်ဆရာမကြီး ဒေါ် ကြည်ကြည်အေး  က ဟောပြောပွဲ ကျင်းပပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် ဦစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား၊ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး နံရံကပ် စာစောင်၊ လက်ကမ်းစာစောင်နှင့် စာအုပ်ပြပွဲများကို ပြသခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)